AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Wednesday, January 21, 2015

ရေနံတင်ပိုမှုနဲ့ ဘင်္ဂလားဒေ့ရှ် သင်ခန်းစာ



                      

ရခိုင်ပြည်ဝမ်းဗိုက်လို့ဆိုလောက်တဲ့ ရခိုင်ပြည်နယ်အတွင်းရှိတဲ့ ကျောက်ဖြူမြို့ရေပိုင်နက်ထဲမှ  ရွှေဂစ် များကို သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့နိုင်စေရန် ရေနံတင်သင်္ဘောများ မြန်မာနိုင်ငံအတွင်း စတင်ရောက်ရှိ လာတော့မည်ဖြစ်ပြီးဖြစ်ပါတယ် ရေနံတင်သင်္ဘောများမှ ရေနံဖိတ်စဉ်မှု ရှိမရှိကို စွမ်းအင်ဝန်ကြီးဌာနက Drone ဖြင့် လိုက်လံစစ်ဆေးပြီး ရေနံဖိတ်စဉ်မှု တွေ့ရှိပါက အရေးယူရန် စီစဉ်ထားပြီး ဆိုသော်လည်း နိုင်ငံတကာမှာ ရေနံတင်ပို့ရောင်းချမှုနဲ့ပတ်သက်လို့ ရေနံတင်ချိန်တွင် ရေနံများ ဖိတ်စင်မှုများရှိလာပါက ထိုမှဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးအတွက် ဥပဒေတွေ နည်းဥပဒေတွေကို တင်းတင်းကြပ်ကြပ်ချမှတ်ခါ လျှော်ကြေးငွေကို အမေရိကန် ဒေါ်လာသန်းနဲ့ချီးပြီး တောင်းခံထားတာတွေ့ရပါတယ်
အထူးသဖြင့် ကျွန်ုပ်တို့ အာဆီယံထဲမှာပါဝင်တဲ့ စင်္ကာပူကဲ့သို့ နိုင်ငံများတွင် ရေနံတစ်ကွက် ဖိတ်စင်ရုံနှင့် ကန်ဒေါ်လာ သန်းနှင့်ချီကာ လျော်ကြေးငွေတောင်းခံထားသဖြင့် ရေနံတင်ရာတွင်လိုက်ပါဆောင်ရွက်နေကြတဲ့ ဝန်ထမ်းတွေဟာလည်း  ရေနံများ မဖိတ်စင်ရလေအောင် သတိရှိရှိလုပ်ကြရပါတယ် ကျနော်တို့ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ တည်ဆဲ ဥပဒေတွေက ကိုယ်နိုင်ငံသားတွေ အတွက်ချမှတ်တဲ့အခါ ပြစ်ဒဏ်ကို ကြီးကြီးမားမား ချမှတ်ထားပြီး တကယ့်တကယ် လိုအပ်တဲ့နေရာတွေမှာ မဖြစ်စလောက်ပဲချမှတ်ပေးထားတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်တွေ နဲ့ ဒေသခံပြည်သူတွေ အတွက်စိုးရိမ်ဖွယ်ရာဖြစ်လာနေတာ တွေ့ရပါတယ် မြန်မာနိုင်ငံမှ တာဝန်ရှိလူကြီးတွေဟာ ရှေးကအဖြစ်အပျက်တွေသင်ခန်စာယူဖို့လိုအပ်နေပြီ မကြာသေးမီ နှစ်အတွင်းကဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံအကြားဖြစ်ပွားခဲ့ ရေပိုင်နက်အငြင်းပွားမှုပြဿနာဟာ မြန်မာတွေအတွက် သင်ခန်းစာယူစရာပဲ မဟုတ်လား  အဲဒီ အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ ကမ်းလွန်သဘာဝ ဓါတ်ငွေ့တွေ ထွက်လာ ပြီးတဲ့နောက် သူပိုင် ကိုယ်ပိုင် အငြင်းပွားခဲ့တာ ဖြစ်ပြီး (၂၀၀၈) ခုနှစ်မှာ နှစ်နိုင်ငံကြား ဆက်ဆံရေးအတော်တင်းမာ လာရာမှ စစ်ရေးတင်းမာမှုတွေဖြစ်လာခဲ့အချိန်မှာ ဘင်္ဂလား ရေတပ်ဟာ လက်နက်ခဲယမ်းအစုံနဲ့ ကမ်းလွန်လင်လယ်ပြင်တွင် ရေတပ်စစ်သင်္ဘောတွေနဲ့ စစ်ရေးပြလှုပ်ရှားနေချိန်မှာ မြန်မာရေတပ်က စစ်သင်္ဘောတွေဟာ ကျောက်ချပြီး မျှောနေခဲ့ကြရတယ်။ အဲဒီအချိန်မှာ မြန်မာခြေလျင်တပ်ရင်းတွေက တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်အမြောက်အများဆင်ပြီး သူရဲကောင်းတိုက်ပွဲဆင်နွဲ့နေကြတယ်။
 ဒီပြဿနာ ဖြစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးအဆင်ထိ့ ကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက် နေပေမယ့် မြန်မာဖက် ကတော့ တရားသူကြီးချုပ် အဆင့်လောက်နဲ့သာ ဖြေရှင်းနေခဲ့တယ် ဒီလိုပေါ့ပေါ့ဆဆ လုပ်ဆောင်ရွက်မှုတွေကြောင့်  မြန်မာပြည်အောက်ပိုင်း ရခိုင်ပြည်နယ်ရေပိုင်နက်ထဲက အုန်းတစ်ပင်ကျွန်း  (ခေါ်) စိန်မာတင်ကျွန်းကို ဆုံးရှုံးခဲ့ပြီးပြီ။
အခုလည်း ရေနံတင်ပို့မှုတွေက ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေအတွက် ချမှတ်ထားတဲ့ လျှော်ကြေး ငွေဟာ ဒေါ်လာ ထောင်ဂဏန်းလောက်သာပြီး ဒီလျှော်ကြေးငွေ ပမာဏဟာ အရမ်းနည်းပါးပြီး ဒေသခံပြည်သူတွေ အတွက် အန္တရာယ်ကို လက်ရမ်းခေါ် နေသလို ဖြစ်နေတယ် ရေနံတင် သင်္ဘောဝန်ထမ်းတွေက လျှော်ကြေးငွေကို အလေးမထားပဲ ထင်ရာစိုင်းခဲ့မယ်ရင် မဒေးကျွန်းဒေသခံပြည်သူတွေအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်
ဒီအတွက်ရေနံတွေ မဖိတ်စင်ရအောင် ဝန်ထမ်းတွေ ပေါ့ပေါ့ဆဆမလုပ်ရအောင် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေ နည်းဥပဒေတွေကို မြန်မာနိုင်ငံအတွင်းမှာ ပြဌာန်းပေးဖို့လိုပါတယ် 
လက်ရှိအချိန်တွင် ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် တရုတ်နိုင်ငံသို့ CNPC က ရွှေသဘာဝဓာတ်ငွေ့ ရေနံပိုက်လိုင်းမှတစ်ဆင့် ရေနံတင်ပို့မည့် ရေနံတင်သင်္ဘောမှာ ဇန်နဝါရီ ၂၄ ရက်တွင် ကျောက်ဖြူရေပိုင်နက် မိုင် ၂ဝ အကွာသို့ ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါ ရေနံတင်သင်္ဘောမှာ တန်ချိန် ၁၅ဝဝဝဝ ပါဝင်လာမည်ဖြစ်ကြောင်းနှင့် အဆိုပါရေနံများမှာ CNPC က ယခင်ပြောကြားမှုများဖြစ်သည့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ရေနံကို တင်သွင်းလာခြင်း မဟုတ်ဘဲ တရုတ်နိုင်ငံရှိ ရေနံတန်ချိန် ၁၅ဝ,ဝဝဝ ကို တင်ဆောင်လာကာ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ ရေနံပိုက်လိုင်းတွင် စမ်းသပ်ထည့်သွင်းပို့လွှတ်ရန် စီစဉ်ခြင်းသာဖြစ်ကြောင်း သတင်းများ ဖြစ်ပေါ်လာတာတွေကို ကြားနေရပါတယ် ထိုနဲ့အမျှ သဘာဝဓါတ်ငွေ့စီမံကိန်းမှ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ခံစားခွင့်မရကြတဲ့ ရခိုင်ပြည်သူတွေအတွက် ဆိုးကျိုးတွေဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေဟာလည်း မြင့်တက်လာနေတာကို တွေ့နေရပါတယ်။ ဒီအတွက်
စွမ်းအင်ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ အနေနှင့်ဘင်္ဂလားဒေ့ရှ်နဲ့ ဖြစ်ပွားတဲ့ပြဿနာကို သင်ခန်းယူပြီး ရေနံတင် သင်္ဘောများကြောင့် ဒေသခံပြည်သူများ ဆိုးကျိုးများ မဖြစ်ရလေ စနစ်တကျ စစ်ဆဲပြီး ထိရောက်တဲ့ အရေးယူမှုတွေကို လုပ်ဖို့လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

                                                   တောင်ကုတ်သားချေ


0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်