AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Thursday, February 12, 2015

ဝိုက်ကတ်ကိုင်ဆောင်သူများ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ရှုတ်ထွေမှုများ ပေါ်ပေါက်နေ


ရန်ကုန်
ဖေဖော်ဝါရီ ၁၁
White-Card-Campaign
နိုင်ငံသားလား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားလား ဟု မခွဲခြားနိုင်သေးသဖြင့် သက်သေခံ လက်မှတ် တစ်ခုခု အဖြစ် ၀ှိုက်ကတ် ( White Card) အား ထုတ်ပေးထားသူများကို  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲထည့်ခွင့်ပြုရန် ပြည်သူ့ လွှတ်တော်က ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး နိုင်ငံ အ၀န်း၌ ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ရန် စီစဉ်နေချိန်တွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းမျိုးစုံပျံ့နှံ့နေပြီး ရှုတ်ထွေးမှုများ ပေါ်ပေါက်နေသည်။

ယနေ့ထုတ် ရန်ကုန် အခြေစိုက် မဇ္ဈိမ အွိုင်းလိုင်း သတင်း တစ်ပုဒ်တွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင် သူများကို မဲပေးခွင့်ပြုမှုအပေါ် သမ္မတ၏ အမိန့်ဖြင့် ငါးရက်အတွင်း ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း ရန်ကုန်တွင် ဆန္ဒထုတ် ဖော်ရန်စီစဉ်နေသည့် ယာယီသက်သေခံလက်မှတ်မဲပေးခွင့် ပယ်ဖျက်ရေး ကော်မတီ (WCC) ၏ ပြန်ကြား ရေးတာဝန်ခံ မောင်းတီး ဆရာတော်က မိန့်ကြားသည်ဟု ဖေါ်ပြသည်။
ယင်းအပြင် “ WCC ကော်မတီနှင့် သာသနာရေး ဝန်ကြီး ဦးစိုးဝင်းတို့ ဖေဖော်ဝါရီ ၁ဝ ရက်က ရန်ကုန်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ”သူတို့ (သာသနာရေး ဝန်ကြီး)ဘက်က ၁၅ ရက်မှာ White Card ပယ်ဖျက်ရေးကိစ္စကို အမြန်ဆုံး ဆောင်ရွက်နေတယ်။ ဒီဥစ္စာကို အစိုးရ လုပ်ထုံးလုပ်နည်းအရ အကြပ်အတည်း အခက်အခဲဖြစ်နေတာကြောင့် လျင်လျင်မြန်မြန်မဆောင်ရွက် နိုင်ပေမယ့် ၁၅ ရက် အတွင်းမှာတော့ ကျေနပ်တဲ့ အဖြေမျိုးဖြစ် အောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့အကြောင်း လာပြောတာပါ” ဟု မောင်းတီးဆရာတော် ဦးသဒ္ဓမ္မက မိန့် ကြားကြောင်း ဖေါ်ပြသည်။
WCC ၏ အဓိပ္ပါယ်မှာ ယာယီသက်သေခံ လက်မှတ်ဖြင့် မဲပေးခွင့်ပယ်ဖျက်ရေး ကော်မတီ (White Card Campaign Committee) ကို အတိုကောက် WCC ဟု ခေါ်ယူသည့် အဓိပ္ပါယ်ဖြစ်သည်။
ယာယီသက်သေခံ လက်မှတ်ဖြင့် မဲပေးခွင့်ပယ်ဖျက်ရေး ကော်မတီ (WCC) မှလည်း သဘောထားကြေငြာချက် (၃/ ၂၀၁၅) ဖြင့် ကြေငြာချက်တစ်စောင်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ရာတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဦးစိုးဝင်းမှ ယင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ကမ္ဘာအေး ကုန်းမြေ၌ တွေ့ဆုံရာတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထိ ထပ်မံစောင့်ဆိုင်းပါရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
သို့အတွက် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် ယနေ့တွင် WCC မှ ရန်ကုန်မြို့ ကြေးသွန်းဘုရားကြီးရှေ့မှ ဆန္ဒပြမည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု ကျေညာချက်တွင် ဖေါ်ပြသည်။
ယနေ့ထုတ် မြန်မာနိုင်ငံမှ နာမည်ကြီး သတင်းစာ တစ်စောင်ဖြစ်သော  Daily Eleven သတင်းစာတွင်မူ ၀ိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင်ပြုသော ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို နိုင်ငံတော် သမ္မတမှ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ဖေါ်ပြထားသည်။
Daily Eleven သတင်းစာက ၀ိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင်ပြုသော ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ်ရေးထိုးပြီး ပြဋ္ဌာန်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သတင်းကြေညာသွားသည်ဟု ဖေါ်ပြထားသည်။
ယခုအခါ မြန်မာနိုင်ငံတွင် အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်သည့် ကျောင်းသားသပိတ်လည်း နိုင်ငံ အ၀ှန်းတွင် ပေါ်ပေါက်နေပြီး တစ်ချိန်တည်းတွင် ၀ှိုက်ကတ် ကိုင်ဆောင်သူများ မဲထည့်ခွင့်ကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်ရန် အလားအလာ ရှိနေရာ နိုင်ငံရေးအရ ရှုတ်ထွေးမှုများ ပေါ်ပေါက်နေပြီး ယင်းပြသနာများ အပေါ် လက်ရှိအစိုးရမှ မည်သို့ မည်ပုံ ကိုင်တွင် ဖြေရှင်းမည်ကို မြန်မာပြည်သူ လူထု တစ်ရပ်လုံးက  အထူးစိတ်ဝင်တစားဖြင့် စောင့်ကြည့်လျှက် ရှိကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=13664

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်