ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ဝှိုက်ကတ်ကိုင်ဆောင်သူ မဲပေးခွင့် ပယ်ဖျက်ရေးအတွက် ဆန္ဒဖေါ်ထုတ်ပွဲကို ရန်ကုန်တွင် ယနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်နေ့) တွင် စတင်ပြုလုပ်သည်။
ဆန္ဒဖေါ်ထုတ်သူများသည် ရွှေတိဂုံအရှေ့မုခ်ရှိ ကြေးသွန်းဘုရားရှေ့တွင် စုဆုံခဲ့ကြပြီး နေ့လယ် ၂ နာရီခန့်တွင် ယင်းကတဆင့် ကျိုက္ကဆံကွင်းထိ ချီတက်ပြီး ဆန္ဒ ဖေါ်ထုတ်ခဲ့ကြသည်။
လမ်းလျှောက်ချီတက် ဆန္ဒဖေါ်ထုတ်ရာတွင် ပါဝင်သူများသည် တီရှပ်အဖြူများကို ၀တ်ဆင်ပြီး ဆိုင်းဘုတ်များ၊ ပိုစတာများကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။
ကြွေးကြော်သံများမှာ ၁။ယာယီသက်သေခံလက်မှတ်(White Card) မဲပေးခွင့်ပယ်ဖျက်ရေး- (ဒိုအရေး ) ၂။ (White Card ) မဲ့ပေးခွင့်ပြုသူ (ဒို့ ရန်သူ) ၃။ ပြည်ထောင်စုအရေးမှာ တိုင်းတပါးသား ဆန္ဒပြုခြင်း (အလိုမရှိ) ၄။ တိုင်းရင်းသားအရေး အလေးထား- ခေတ်သစ်ကိုလိုနီများအား (သတိထား) ၅။ အနောက်တစ်ခါးလုံးခြုံးရေ (White Card ) (မဲပေးခွင့်ပေးဖျက်ပေး) ၆။ ကိုလိုနီလက်သစ်ကို ဖိတ်ခ်ါသူ( ဒို့ ရန်သူ) တို့ဖြစ်ကြသည်။
ဆန္ဒဖေါ်ထုတ်ပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုညီညီမောင်က “ ဒီပြည်ထောင်စု အမတ်တွေကို ကျွန်တော်တို့ ပြည်သူတွေက ရွေးတာဖြစ်တယ်။ ပြည်သူတွေဆိုတာ အဲဒီ အမတ်တွေထက် အာဏာ ရှိတယ်။ မြန်မာနိုင်ငံရဲ့ အာဏာဟာ မြန်မာနိုင်ငံသား ၊ နိုင်ငံသားတို့ ထံမှာပဲရှိတယ်။ အဲ့ဒီအမတ်တွေထဲကပဲ သမ္မတဆိုတာရွေးတာ။ သမ္မတဟာလဲ ကျွန်တော်တို့ ရွေးကောက် တင်မြောက်တာပဲ ဖြစ်တယ်။ ကျွန်တော် လွှတ်တော်အမတ်တွေကို ပြောချင်တာက မျက်နှာ မများကြပါနဲ့ ။ သန်း ၆၀ သော ပြည်သူကိုကြည့်ကြပါလို့ ကျွန်တော်ပြောချင်တယ်။ ၀ှိုက်ကတ် ကိုင်ဆောင်ထားတဲ့ ဗမာစကားမပြောတက်တဲ့၊ မြန်မာစာ မတက်တဲ့ မြန်မာနိုင်ငံသားတို့ ရဲ့ အလံကို အလေးမပြု၊ မီးရှို့နေကြတဲ့ လူတွေကို မဲပေးခွင့်ပြုမယ်ဆိုရင် နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာ ကျဆုံးသွားနိုင်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ မအေးသန္တာက “ အစိုးရကဘာလဲ၊ တိုင်းပြည်ကို ဆူပူအောင် လုပ်နေတာလား၊ ဒီဝှိုက်ကတ် ကိုင်ဆောင် သူတွေကို မဲပေးခွင့် ပေးလိုက်မယ်ဆိုရင် တိုင်းပြည် မီးဟုန်းဟုန်း တောက်လောင်သွားမယ်ဆိုတာ နည်းနည်းမှ နားမလည် ဘူးလား။ သေချာလဲ စဉ်းစားပြီးလုပ်ကြပါအုံး။ ရှင့်တို့ မဲရဖို့ အတွက် ကျွန်မတို့ ချစ်တဲ့ တိုင်းပြည်ကို မရောင်းစားကြပါနဲ့ ။ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မတို့ ပြည်သူတွေကိုတကယ်ချစ်တယ်ဆိုရင် ဒီဝှိုက်ကတ် ကိစ္စကို ပြန်လည်ပြီးပြင်ဆင်ပေးပါ” ဟု သူမ ၏ခံစားချက်ကို နိရဉ္စရာသတင်း ဌာနသို့ ပြောသည်။
ယာယီသက်သေခံလက်မှတ် (White Card ) မဲပေးခွင့်ပယ်ဖျက်ရေး ဆန္ဒထုတ်ဖော်မူကို ပြည်ထောင်စုမြန်မာနိုင်ငံသားမျာ
ဆန္ဒထုတ်ဖော်ထုတ်ပွဲတွင် ရဟန်းတော်များ အပါအ၀င် လူပေါင်း ၃၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး ညနေ ၄ နာရီတွင် အောင်မြင်စွာဖြင့် အဆုံးသတ်ခဲ့သည်ဟု သိရသည်။ ဆန္ဒဖေါ်ထုတ်ပွဲအား ၇ ရက်တိုင်တိုင် ပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ်တွင်လည်း ဆက်လက်စုဆုံပြီး ဆန္ဒပြကြမည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=13672
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်