
(The Mirror Daily မှ ကူးယူ ဖေါ်ပြသည်။)
 
ယာယီသက်သေခံ လက်မှတ်အဖြစ် ထုတ်ပေးထားသော ၀ှိုက်ကတ်ကို ပယ်ဖျက်ကြောင်း 
အစိုးရက ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန် ကြေငြာလိုက်ပြီဖြစ်သည်။ ကြေငြာချက် 
အပြည့်အစုံမှာ အောင်ပါအတိုင်း ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
တာ်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၉/၂ဝ၁၅
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်
(၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)
ယာယီသက်သေခံလက်မှတ် သက်တမ်းသတ်မှတ်ခြင်းနှင့် သက်တမ်းကုန်ဆုံးသည့် လက်မှတ်များအပ်နှံရေးအစီအစဉ် ထုတ်ပြန်ကြေညာခြင်း
၁။ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်
ခွင့်ရရှိရေးအတွက် 
ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီးနှင့် 
လက်တွဲဖော်ဆောင်သည့် နိုင်ငံသားနှင့် တိုင်းရင်းသားခေါင်းဆောင်များ
သည် နိုင်ငံ၏ရေရှည်အကျိုးကို ရည်ရွယ်၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ေ
ရး(လတ်တလော
 ပြဋ္ဌာန်းချက်များ) အက်ဥပဒေ၊ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း 
နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ 
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ 
တို့ကိုပြဋ္ဌာန်းကျင့်သုံးခဲ့ပါ
သည်။
၂။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း
နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၁)ပါပြဋ္ဌာန်းချက်နှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း
နေထိုင်သူများ
 မှတ်ပုံတင်ရေးနည်းဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ(၃)ပါ 
ပြဋ္ဌာန်းချက်တို့နှင့်အညီ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအချို့သို့ 
လိုအပ်ချက်အရ ကိုင်ဆောင်ရန် ယာယီသက်သေခံလက်မှတ်များအား ထုတ်ပေးခဲ့ပါသည်။ 
ယခုအခါ မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်း
စဉ်အား မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့်ဆောင်ရွက်နေပြီဖြစ်
၍ ယာယီသက်သေခံလက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်ကို ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ သတ်မှတ်ပါသည်။
၃။ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထာ
းသူများသည် ၁၉၅၁ ခုနှစ်၊ 
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ၏
 နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ(၄)ပါ ပြဋ္ဌာန်းချက်နှင့်အညီ သက်တမ်းကုန်ဆုံးသည့် 
လက်မှတ်များအပ်နှံခြင်း၊ စိစစ်မှုခံယူခြင်းတို့ကို သက်ဆိုင်သည့် ဥပဒေ၊ 
နည်းဥပဒေပြဋ္ဌာန်းချက်များကိုလို
က်နာ၍ နည်းလမ်းတကျ ဆောင်ရွက်ကြရမည်။ သက်တမ်းကုန်ဆုံးသည့်လက်မှတ်များ
အပ်နှံခြင်းကို ၂ဝ၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ဆောင်ရွက်ရမည်ဖြစ်
ပါသည်။
၎။ အထက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ၁၉၅၁ ခုနှစ်၊ 
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ၏
 နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(၁)နှင့် နည်းဥပဒေခွဲ(၃)၊ နည်းဥပဒေ၂၉၊ 
နည်းဥပဒေခွဲ(၂)တို့ပါ ပြဋ္ဌာန်းချက်များအရနှင့် ပွင့်လင်းမြင်သာမှုရှိစေရေး၊ 
ညီညွတ်မျှတမှုရှိစေရေးတို့အတွက် မြို့နယ်မှတ်ပုံတင်အရာရှိ၏ 
လုပ်ငန်းတာဝန်များကို နိုင်ငံတော်သမ္မတရုံးမှ မိုးပွင့်အထူးစီမံချက်တွင် 
ဖွဲ့စည်းပေးထားပြီးဖြစ်သော တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ 
ရပ်ကွက်/ ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီများမှ 
ဝိုင်းဝန်းကူညီဆောင်ရွက်ရန် တာဝန်ပေးအပ်ပါသည်။
၅။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း
နေထိုင်သူများ 
မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်အရ မှတ်ပုံတင် 
အရာရှိချုပ်အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာ
န ညွှန်ကြားရေးမှူးချုပ်အား လည်းကောင်း၊ မြို့နယ်မှတ်ပုံတင်အရာရှိအဖြစ် သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင်
့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာ
န မြို့နယ်ဦးစီးမှူးအား လည်းကောင်း တာဝန်ပေးအပ်ပါသည်။
၆။ ထို့အပြင် ယာယီသက်သေခံလက်မှတ်နှင့်စပ်လျဉ်
း၍ ရဟန်းရှင်လူ ပြည်သူအပေါင်းက ဝေဖန်သုံးသပ်မှုများရှိနေသည့်အတွ
က် ယာယီသက်သေခံ လက်မှတ်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ်အကြံပြုရေးကော်မရှ
င်ကို ပညာရှင်များ၊ ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်
ကြောင်း အသိပေးထုတ်ပြန် ကြေညာအပ်ပါသည်။ (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
တာ်။
(The Mirror Daily  မှ ကူးယူ ဖေါ်ပြသည်။)
http://www.narinjara.com/burmese/?p=13675
 
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်