AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, February 6, 2015

ဝှိုက်ကဒ်တော့ မလုပ်ပါနဲ့ ထောက်ခံမဲ လိုချင်ရင် မကြိုက်လည်း ထည့်ပါ့မယ်


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့မှာနေတဲ့ ဦးမြတ်သာရဲ့ ပေးစာ တစ်စောင် စာဖတ်သူ ကဏ္ဍကို ရောက်လာပါတယ်။ အခုတစ်လော မီဒီယာနဲ့ ပြည်သူတွေကြားမှာ လူပြောများနေတဲ့ ၀ှိုက်ကတ် ကိုင်ဆောင်ထားသူများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်တယ် ဆိုတဲ့ သတင်းကို ဖတ်ရ သိရပြီး မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ သဘောမကျလို့ ရေးလိုက်တဲ့ စာပါလို့ ဆိုပါတယ်။ သူသိထားတာက ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ခုနှစ် ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ပုဒ်မ ၁၁ (က) မှာ ဝှိုက်ကဒ် ကိုင်ဆောင်ထားသူများ မဲပေးပိုင်ခွင့်နဲ့ ပတ်သက်သော ပြဌာန်းချက်များ ပါဝင်ခဲ့လို့ ဝှိုက်ကဒ် ကိုင်ဆောင်ထားသူများကို မဲမပေးသင့်ကြောင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဆွေးနွေး အတည်ပြုပြီး ပြည်ထောင်စု လွှတ်တော်ကလည်း မဲပေးခွင့် မပြုရန် ဆုံးဖြတ်ပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါကို သမ္မတက သဘောထားမှတ်ချက် ပြန်လည်ပေးပို့ရာမှာ မဲပေးသင့်ကြောင်း သမ္မတ ပြန်ပို့တာကို ပြည်ထောင်စု လွှတ်တော်မှာ ဆက်လက်ဆွေးနွေးနေကြပြီး မူလ ဆုံးဖြတ်ထားတဲ့ ၀ှိုက်ကဒ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် မရှိ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး မဲပေးခွင့် ပြုခဲ့ခြင်းက လုံးဝ မဖြစ်သင့်ပါဘူး။ ထောက်ခံ ဆွေးနွေးခဲ့ကြတဲ့ သူတွေကလည်း မြန်မာနိုင်ငံသားတွေ နေထိုင်တဲ့ ဒေသတွေက မဟုတ်ဘဲ အသံရော၊ ရုပ်ပါ လူမျိုးခြား ပုံပေါက် နေတဲ့သူတွေ ဖြစ်နေတာ ရုပ်မြင်သံကြားမှာ တွေ့ရတော့ မအံ့သြတော့ပါဘူး။ သူတို့ အကျိုးအတွက်ပဲ သူတို့ ပြောကြရမှာပေါ့လို့ တွေးမိပါတယ်လို့ ဆိုပါတယ်။ သူ အံ့သြတာက တာဝန်ရှိသူတွေက ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် မစဉ်းစားဘဲ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက်နဲ့ ဒီလို ခွင့်ပြုပေးဖို့ ဆုံးဖြတ်တာကိုပါ နိုင်ငံ့ကို ဦးဆောင်မယ့် အစိုးရနဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့ အခါမှာ နိုင်ငံသား စစ်စစ်တွေပဲ ဒီအခွင့်အရေး  ရသင့်ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့်  မဲရဖို့အတွက် ဝှိုက်ကဒ်တွေကို မဲပေးခွင့်ပြုတာ မလုပ်ပါနဲ့၊ ထောက်ခံမဲ လိုချင်ရင် မကြိုက်လည်း ထည့်ပါ့မယ်လို့ ၀ှိုက်ကဒ်တွေကို မဲပေးခွင့် မပြုစေချင်တဲ့ မြန်မာနိုင်ငံသား ဦးမြတ်သာရဲ့ စာကို ဖော်ပြလိုက်ပါတယ်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-58/item/38505-2015-02-06-10-11-25

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်