စစ်တွေ၊ မတ် ၆
နိုင်ငံတော်ဒုတိယသမ္မတတစ်ဦး ဖြစ်သူ ဦးဥာဏ်ထွန်းသည် ရခိုင်ပြည်နယ်တွင် တည်ဆောင်ပြီးစီးသွားသော တံတားကြီးနှစ်စင်းကို ဖွင့်လှစ်ပေးရန် နေပြည်တော်မှ တဆင့် စစ်တွေမြို့သို့ မတ်လ ၆ ရက် နေ့လယ်ပိုင်းက ရောက်ရှိလာခဲ့သည်။
ဒုသမ္မတဦးဥာဏ်ထွန်းသည် မတ် ၇ ရက်နေ့(ယနေ့)နံနက်ပိုင်းတွင် မင်းပြားမြို့နှင့် ပေါက်တောမြို့ အကြား သွယ်တန်း ဖေါက်လုပ်ထားသော ဆင်ခုံတိုင်တံတားနှင့် စွန်ရဲတံတားတို့ကို ဖွင့်လှစ်ရန်ရောက်ရှိနေခြင်ြး
“မနက်ဖြန် မင်းပြားသွားပြီး တံတားနှစ်စင်းသွားဖွင့်မယ်။ အစပိုင်းတော့ သမ္မတကိုယ်တိုင် လာမယ်လို့ပါပဲ။ ဒါပေမယ့် သမ္မတခရီးစဉ်ပျက်သွားတယ်။ ဒီအတွက် ဒုသမ္မတ လာတာပါ”ဟု ယင်းက ဆိုသည်။
ရခိုင်ပြည်နယ် မင်းပြားနှင့် ပေါက်တောမြို့အကြား အလွယ်တကူ ဆက်သွယ်သွားလာနိုင်ရန်နှင့် ပေါက်တောမြို့မှ ရန်ကုန်- စစ်တွေကားလမ်းနှင့် ဆက်စပ်နိုင်ရန်အတွက် ကားလမ်း တစ်ခုကို ဖေါက်လုပ်နေရာ ယင်းကားလမ်းပေါ်တွင် ဆင်ခုံတိုင်း တံတားနှင့် စွန်ရဲတံတားတို့သည် အရှည်ဆုံး တံတားကြီးနှစ်စင်း ဖြစ်သည်။
ယင်းတံတားနှစ်စင်းကို နိုင်ငံတော်မှ ငွေကြေး အများအပြား အသုံးပြုခဲ့ရပြီး အချိန်ကာလ ၅ နှစ်ခန့်် ကြာမြှင့်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ပေါက်တော- မင်းပြားလမ်းမှာ ကတ္တရာလမ်း အဖြစ် အဆင့်မြင့်တင်ရန် လိုနေသေးသည်ဟု သိရသည်။
ယင်းတံတာ နှစ်စင်းကို ဖွင့်လှစ်ပြီးစီးပါက ပေါက်တောမြို့မှ တဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ မင်းပြားကို ဖြတ်ကာ တိုက်ရိုက်သွားလာနိုင်တော့မည် ဖြစ်သည်။
စစ်တွေသို့ရောက်ရှိလာသည့် ဒုသမ္မတဦးဥာဏ်ထွန်းသည် စစ်တွေမြို့ကိုကားဖြင့် ယမန်နေ့က လည်ပတ်ကြည့်ရှုခဲ့သည်။
ဒုသမ္မတဦးဥာဏ်ထွန်းသည် ရခိုင်ပြည်နယ်သို့ ၂ဝ၁၃ ခုနှစ်၊ မေလအတွင်းက တစ်ကြိမ်ရောက်ရှိခဲ့ဖူးပြီး ယင်းအချိန်က ရခိုင်ပြည်နယ်သို့ မဟာစင်မုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်ဟုဆိုကာ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်