AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Saturday, March 7, 2015

သတင်း မီဒီယာ သမားတွေ ပစ်မှတ်ဖြစ် လာမှာလား


Written by  စည်သူအောင်မြင့်
ကိုမျိုးသန့်ရေ
အခုတလော ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ သတင်းမီဒီယာ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သတင်း တချို့လည်း ပါဝင် တာတွေ့ရ ပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင် တချို့ကို သရော်လှောင်ပြောင်ထားတဲ့ ၊ပြုပြင်ထားတဲ့ ပိုစတာတစ်ခုကို ကိုယ်ပိုင် Facebook စာမျက်နှာ မှာဖြန့်ဝေခဲ့ လို့ခေတ္တအဖမ်း ခံရတဲ့ မုံရွာက အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကိစ္စ၊ မတ်လ ၄ရက်ကရွှေပြည်သာ အလုပ်သမား သပိတ် ဆန္ဒပြသူတွေကို ရဲနဲ့ ရဲတပ်ဖွဲ့ က တာဝန်ပေးထားတဲ့ အရပ်သားတွေက အကြမ်းဖက် ဖြိုခွဲဖမ်းဆီးရာမှာ သတင်းထောက်နှစ်ယောက် ပါဝင်ခဲ့ ပြီးနောက်ပိုင်းပြန် လွှတ်ပေးလိုက် တဲ့ကိစ္စ၊ ဒီဖြစ် စဉ်နဲ့ ပတ်သက်ပြီး အစိုးရ သတင်းစာတွေ ရဲ့ရေး သားချက်ကို ဆဲဗင်းဒေး သတင်းစာနဲ့ ဂျာနယ်က ကန့်ကွက် တဲ့ကိစ္စတွေ ပါဝင်ပြီး ကျွန်တော့်ရဲ့ သဘောထား အမြင်တချို့ ကိုပြောပြ ချင်လို့ဒီစာ ကိုရေးလိုက် ရတာပါ။
Si-Thu-Aung-Myint
ထုံးစံအတိုင်း ဒီလို နိဒါန်းလေးနဲ့ပဲ ကျွန်တော့်ရဲ့ပေးစာကို စရပါလိမ့်မယ်။ ရုပ်သံ၊ ရေဒီယို၊ ပုံနှိပ်စာနယ်ဇင်း၊ အင်တာနက် အွန်လိုင်း မီဒီယာလေး မျိုးရှိတဲ့အနက် အစိုးရဟာ ဒီကနေ့ အချိန်ထိ အလွန်အစွမ်းထက်တဲ့ ရုပ်သံနဲ့ရေဒီယို မီဒီယာနှစ်ခုကို လုံးဝ လက်ဝါးကြီးအုပ် ချုပ်ကိုင် ထားဆဲပါ။

  
ကျွန်တော် ဒီအကြောင်း ထပ်ကာ ထပ်ကာပြောနေ ရတာ မီဒီယာ သမားတွေရော၊နိုင်ငံရေး သမားတွေရော၊ လွှတ်တော် ထဲရောက်နေတဲ့ အမတ်တွေ ပါမမေ့ မလျော့ ရလေအောင် သတိပေးနေ ရလို့ပါ။
  
သိပ်မကြာ ခင်ရွေးကောက်ပွဲ အကြိုကာ လရောက် ပါတော့မယ်။ ဒီလို အခြေ အနေမျိုးမှာ တကယ့်ကို စွမ်းအား ထက်တဲ့ ရုပ်သံ နဲ့ရေဒီယိုမီဒီယာ လုပ်ငန်းတွေ ကိုပြည်ခိုင်ဖြိုး ပါတီအစိုးရနဲ့ သူ့ရဲ့ခရိုနီတစ်စုလက်ထဲမှာပဲ ရှိနေတာဟာ လာမယ့် ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်လေ မလားဆိုပြီး ကျွန်တော် စိုးရိမ်နေ လို့လည်းဖြစ် ပါတယ်။
  
လွှတ်တော်ကိုတင်ထားတာ တစ်နှစ်ကျော်နေ ပြီးဖြစ်တဲ့ ရုပ်သံနဲ့ရေဒီယို ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကိုလည်း သူရဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကို စီမံခန့်ခွဲနေ သူတွေက အသာလေးချောင် ထိုးထားဆဲဖြစ်နေသေး လို့ပါ။
  
အွန်လိုင်းမီဒီယာ ကတော့ အလွန် လွတ်လပ်လာ ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း အွန်လိုင်း မီဒီယာကို အာဏာရအစိုးရ၊ အတိုက် အခံပါတီနဲ့ အတိုက်အခံ အင်အားစု၊ အစိုးရ ကိုထောက်ခံသူတွေ၊ အတိုက်အခံ ကိုထောက်ခံသူတွေ နဲ့ပြည်သူ တစ်ရပ်လုံးက သုံးစွဲနေကြ တာတွေ့ရ ပါတယ်။ အထူးသဖြင့် အခုနှစ်ပိုင်း မှာFacebook လို့ခေါ်တဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူ အလွန်များလာတာ တွေ့ရပါတယ်ဗျာ။
ကိုမျိုးသန့်ရေ
  
ဟုတ်တာတွေရော၊ မဟုတ် တာတွေရော၊ မှန်တာတွေရော၊ မမှန်တာတွေ ရာရောပြွမ်းနေတဲ့ Facebook နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့  ရက်ပိုင်းက ပြဿနာ တက်ခဲ့ ပါလေရောဗျာ။ ကွန်လုံရက် ၄ဝစစ်ပွဲ ရုပ်ရှင်ဇာတ်ကားပိုစတာကို ပြုပြင်ထားတဲ့ ကွန်ဒုံးရက် ၄ဝ စစ်ကားဆို ပြီးပြုပြင် ဖန်တီးထားတဲ့ ပိုစတာတစ်ခု Facebook စာမျက်နှာတွေမှာ ပျံ့နှံ့လာ ပါတယ်။
  
အဲဒီပို စတာကို ကိုယ့်စာမျက်နှာ ကနေပြန်ဝေမျှ သူတွေက လည်းဝေမျှ ကြပါတယ်။ အဲဒီ အထဲကမှ ကိုယ့်ရဲ့ နာမည် အရင်းနဲ့အကောင့် ဖွင့်ထားတဲ့ မုံရွာကအ လွတ်တန်း ဓာတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးကို ရဲက တကယ့် စစ်ဆင်ရေးကြီး လို ဝင်ရောက် စစ်ဆေး ဖမ်းဆီး လိုက်ပါတယ်။
  
ခိုင်လုံတဲ့သတင်းတွေအရ ရဲတွေ နဂိုဝင်ဖမ်းတာဟာ မူးယစ်ဆေးဝါးရှာဖို့ တဲ့၊နောက် ဘာမှမတွေ့တော့ အဲဒီ Facebook ထဲက ပိုစတာ ကိုဝေမျှ လို့ဆိုပြီး ဖမ်းရ တာလို့ ကြေညာပါတယ်။ သူ့ကို ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ၅ (က)/(င) တို့နဲ့ အရေးယူထား တယ်ဆိုတဲ့အတွက် အာမခံမ ရနိုင်တဲ့ အပြင် တရားရုံးက အပြစ်ရှိကြောင်း အမိန့်ချခဲ့ရင် အနည်း ဆုံးထောင်ဒဏ် ခုနစ်နှစ်လောက် ကျခံရနိုင်တာ မို့ပြင်းထန်တဲ့ အရေးယူမှု လို့ပြောနိုင် ပါတယ်။
  
နောက်ပိုင်း သူ့ကို ရဲက တရားရုံးတင်ဖို့ အချက်အလက် မခိုင်လုံ လို့ဆို ပြီးပြန်လွှတ်ပေး လိုက်တဲ့တိုင် Facebook အသုံးပြု သူတွေကြားမှာတော့ အတော်လေး ကိုဂယက် ရိုက်ခတ် သွားတာတွေ့ ရပါတယ်။
  
ကိုအောင်နေမျိုးကို ဖမ်းဆီးခဲ့တာဟာ ခြိမ်းခြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် သာဖြစ်ခဲ့ရင် အစိုးရရဲ့ ရည်ရွယ်ချက် နည်းနည်း ပါးပါးအောင်မြင် တယ်လို့ဆို ရမှာပါ။ တချို့ အဲဒီဇာတ်ကား ပိုစတာဝေမျှ ထားသူတွေ သူတို့ စာမျက်နှာတွေ ကနေပြန်ဖြုတ်ချ လိုက်ကြ တာလည်း သတိထား မိပါတယ်။
  
အစိုးရကပေးလိုက်တဲ့ မက်ဆေ့ခ်ျကတော့ ဒီ Facebook ကိုသုံးပြီး အမုန်းတရား ပဲဖြန့်ဖြန့်၊ အကြမ်းဖက် မှုဖြစ်ပေါ်အောင်ပဲ လှုံ့ဆော်လှုံ့ဆော်၊ အတိုက် အခံကို ဘယ်လောက် ဆဲဆဲ ကြိုက်တာလုပ် အရေးမယူဘူး။
  
ဒါပေမဲ့ အစိုးရနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို သရော်ပြောင်လှောင်ရင် ငါတို့မှာ ဟောဒီလောက်ထိ လုပ်ပိုင် ခွင့်ရှိတယ်၊ လုပ်လို့ရတယ်၊ မင်းတို့ ဘဝပျက်သွားနိုင်တယ်၊ သတိထားကြဆိုတဲ့သဘောလို့ ယူဆပါတယ်။ ကျွန်တော်ကတော့ အစိုးရရဲ့ အဲဒီလို လုပ်ကိုင်ဆောင် ရွက်တာကို မနှစ်မြို့ပါဘူး။
  
ရွှေပြည်သာအလုပ်သမား ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းတဲ့ဆီမှာ သတင်းထောက်ကတ်ပြား လည်ပင်း ဆွဲထားတဲ့၊ ကင်မရာ ကိုင်ထားတဲ့ သတင်းထောက် မှန်းသိသာ သူတွေကို ဖမ်းဆီးခေါ်ဆောင် သွားတာ ကလည်း မလုပ် သင့်တဲ့ အလုပ်ပါ။ မသင်္ကာရင် အဲဒီအခင်းဖြစ်နေ ရာမှာပဲ ရဲက စစ်ဆေး၊ သတင်းထောက် မှန်တယ်ဆိုရင် သတင်း ယူတဲ့အလုပ် ဆက်ပြီး လုပ်ခွင့်ပြုရ မှာဖြစ် ပါတယ်။
  
နောက်ဆုံး   မှားပြီးဖမ်း  လာပါတယ်   ဆိုရင်တောင်တောင်း  ပန်ရမှာပါ။   အခုဟာက  မတောင်းပန်  တဲ့အပြင်နောက်နေ့ထုတ်  အစိုးရ  သတင်းစာမှာ  အဲဒီ သတင်းထောက်တွေကပဲ ဆန္ဒပြမှုနဲ့ သွယ်ဝိုက် ပတ်သက် သယောင်၊ ကျင့်ဝတ်ချိုးဖောက်ပြီး သတင်း ယူသယောင်ရေး သားဖော်ပြတာက မသင့်တော်ပါဘူး။
အလားတူ မတ်လ ၅ ရက် မြို့တော်ခန်းမ ရှေ့လက်ပံ တန်းကျောင်းသားတွေ ကိုထောက်ခံတဲ့ ဆန္ဒပြပွဲ နှိမ်နင်းမှုကိုလည်း “တာဝန်ရှိ သူများက လူစုခွဲ ထွက်ခွာ ရန် အကြိမ်ကြိမ်ပြော ကြားသော် လည်းမရဘဲ ဆန္ဒပြသည့်အဖွဲ့ ကပြန်လည် ရန်ပြုခဲ့ သဖြင့် လူစုခွဲ ရှင်းလင်းကာ ဆန္ဒပြသူအချို့ကို ထိန်းသိမ်း ခဲ့ကြောင်းသိရ သည်” ဆိုပြီးဖော်ပြ ထားပါတယ်။
အလွန့်ကို သတင်းစာကျင့်ဝတ်နဲ့မညီတဲ့ ဖော်ပြချက်၊ သတင်းရင်းမြစ်မပါ လိမ်လည်ဖော်ပြချက်မျိုးပါပဲ။ တကယ်တော့ အစိုးရသတင်းစာဆိုတာ အစိုးရအတွက် ဝါဒဖြန့်သတင်းတွေဖော်ပြဖို့ပဲ အဓိက အာရုံစိုက်နေပြီး သတင်းမီဒီယာ ကျင့်ဝတ်လိုက်နာ ဖို့ အရမ်းအားနည်းတာ ကျွန်တော်လည်း သတိပြုမိပါတယ်။ ဘယ်က မှန်းမသိရတဲ့ သတင်းရင်းမြစ်တွေ အသုံးပြုပြီး ရေးသား ဖော်ပြနေတဲ့ သတင်းတွေကလည်း အများကြီးပါ။
  
ဘယ်လိုပဲဖြစ်ဖြစ် အခု လွတ်လပ်ခွင့်ရနေတဲ့ ကျွန်တော်တို့ ပုံနှိပ်သတင်းမီဒီယာနဲ့ သတင်းသမားတွေ အတွက် ကျွန်တော် အလွန် စိုးရိမ်ပူ ပန်နေကြောင်းပါ။
ကျန်းမာပါစေ
စည်သူအောင်မြင့်
 http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/40418-2015-03-07-05-49-03

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်