AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Saturday, March 7, 2015

လစာတိုးရေး ဆန္ဒပြတောင်း၍ ဖမ်းခံရသည့် ရွှေပြည်သာ စက်ရုံအလုပ်သမား ၁၄ ဦးကို အာမခံမပေးဟု ဒုရဲမှူးပြော


Written by  ခင်မြတ်မြတ်ဝေ

ရန်ကုန် (မဇ္ဈိမ)။  ။ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သည့် ရွှေပြည်သာစက်ရုံများမှ အလုပ်သမား ၁၃ ဦးကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး အသက် ၁၅ နှစ်အရွယ် ကလေးလုပ်သား တစ်ဦးကို လူငယ်ထိန်းသိမ်းရေး ကျောင်းသို့ မတ်လ ၆ ရက်တွင် ပို့လိုက်ပြီး ၁၄ ဦးလုံးကို အာမခံ လုံးဝပေးမည် မဟုတ်ဟု အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စခန်းမှူး ဒုရဲမှူး မျိုးမြင့်ကြိုင်က မဇ္ဈိမကို ပြောသည်။
Shwe-Pyi-Thar-Worker-Demonstration-1
ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီး ဒညှင်းကုန်းလမ်းဆုံအနီးတွင် အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ရေးအတွက် လမ်းလျှောက်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ဝန်များက တားဆီးကာ ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းနှင့် သွားရောက် ညှိနှိုင်းစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
"ခုတရားရုံးရောက်နေတယ် ဘယ်သူကိုမှ အာမခံလုံးဝမပေးဘူး  ၁၄ယော်မှာတစ်ယောက် က၂မှုနဲ့တရားစွဲထားတယ်" ဟု ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောသည်။

မတ် ၄ ရက်တွင် အင်စိန်မြို့နယ် တညင်းကုန်းလမ်းဆုံတွင် ရွှေပြည်သာမှ အလုပ်သမားများ ထိုင်သပိတ်ဆင်နွဲရာမှ ဖမ်းဆီးထားသူ ၁၄ ဦး အနက် ကိုစိုင်း(ခ)ကျော်ဇော်လင်းအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုဖမ်းဆီးထားခြင်းဖြစ်ကာ ကျန် ၁၂ ဦးအား ပုဒ်မ (၁၄၇) ရုန်းရင်ဆန်ခက်မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။ ၁၅ နှစ်အောက် ကလေးလုပ်သားကိုမူ လူငယ်သင်တန်းကျောင်းတွင် ပို့ဆောင်ထားသည်။
အလုပ်သမား သပိတ်တွင် အလုပ်သမားအရေး ကူညီဆောင်ရွက်သူ ကိုစိုင်း (ခ) ကိုဇော်လင်းသည် အလုပ်သမားများ အား နောက်ကွယ်မှ သွေးထိုးနေသူဟု မြောက်ပိုင်းခရိုင်မှူး ဒုရဲမှူးမြင့်လွင်က မတ် ၅ ရက်က ရန်ကုန်တိုင်းရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ မီဒီယာများကိုပြောသည်။
ယင်း ၁၄ ဦးသည့် Ford glory အထည်ချုပ်နှင့် Costec အထည်ချုပ်စက်ရုံ နှစ်ခုပူပေါင်း၍ မတ်လ ၄ ရက်တွင် အလုပ်သမားအင်းအား ၉၀ ၀န်းကျင်ဖြင့် ဆူးလေမြို့တော်ခန်းမသို့ ချီတက်ဆန္ဒပြရာ ရွှေပြည်သာမြို့အ၀င် အမှတ်(၄) လမ်းမ တညင်းကုန်း ရထားသံလမ်းနှင့် ဆောက်လုပ်ရေး မှတ်တိုင်းကြားတွင် တားဆီးခံရရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ယင်းစက်ရုံနှစ်ရုံမှ အလုပ်သမား  ၉၀ကျော်သည် ယနေ့တိုင် လုပ်ခလစာ ညှိနှိုင်းမှု မပြေလည်သည့်အပြင် သုံးရက်အတွင်း လုပ်ငန်းခွင်မဝင်ပါက အလုပ်ဖြုတ်မည်ဟု အလုပ်ရှင်ဘက်မှ ရာဇသံ ပေးထားသည်ဟုလည်း အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။
"ခု အီလန်စက်ရုံက ပြေလည်သွားပြီ။ ဒီစက်ရုံနှစ်ရုံက သပိတ်ကလည်း ဖြိုခံလိုက်ရတယ်။ လုပ်ငန်းထဲပြန်ဝင်ဖို့ကလည်း အလုပ်ရှင်က သူတို့ကိုထပ်ဖိမှာကြောက်နေတယ်။ တချို့ကလည်းကြောက်ပြီး ထွက်ပြေးနေတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်"ဟု ၎င်းက ဆိုသည်။
အီလန်မြန်မာ အထည့်ချုပ်စက်ရုံ အလုပ်သမားများမှာမူ မတ်လ ၅ ရက်က ညှိနှိုင်းပြေလည်၍ အလုပ်သမား ၇၀၀ဝန်းကျင်မှာ ၆ ရက်နေ့တွင် အလုပ်ပြန်ဝင်နေပြီဖြစ်သည်။
"မနေ့ကညှိတယ်။ သပိတ်တွေက ဖြိုခွင်းခံရတာ အလုပ်သမားတွေကလည်း ကြောက်နေကြပြီ။ ကျွန်မတို့နောက်မှာ မိသားစုက လည်းရှိတယ်။ မဖြစ်မနေ လုပ်ငန်းဝင်မှာရတော့မယ်လေ။ ခုသူတို့ ပေးတဲ့ တစ်နေ့  ၅၅၀ (ထပ်တိုးငွေ) ကို  သဘောတူခဲ့တယ်"ဟု အလုပ်သမား တစ်ဦးဖြစ်သူ မခင်မျိုးချစ်က ပြောသည်။
အလုပ်သမားများက နေ့စဉ်ကြေး ထပ်တိုးငွေကို ၁၀၀၀ တိုးတောင်းသော်လည်း အလုပ်ရှင်က ၅၅၀ ကျပ်သာ တိုးပေးခြင်းဖြစ်သည်။ ယခင် ရက်မှန်ကြေး ကျပ် ၈၀၀၀ ကို ၃၀၀၀ လျော့ချပြီး ၅၀၀၀ သာပေးတော့မည်ဖြစ်သည်။ သို့ဖြစ်၍ တိုးမြှင့်သည့်နှုန်းမှာ ၅၅၀ ဆိုသော်လည်း ၄၅၀ သာ တိုးသည့် သဘောဖြစ်နေသည်။
ယင်းအပြင် စက်ရုံရှေ့ ပိတ်ဆို့ဆန္ဒပြမှုကြောင့် ဖေဖော်ဝါရီ ၂၀ရက်က ဖမ်းဆီးထားသည့် အလုပ်သမား နှစ်ဦးနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ ကိုသူဇော်ကြည်ဝင်းတို့ကိုလည်း ဖမ်းဆီးထားဆဲဖြစ်ပြီး နှစ်ဦးမှာ အာမခံမရဟု ကိုသူဇော်ကြည်ဝင်း၏ ဇနီးက မနီလာက မဇ္ဈိမကို ပြောသည်။
"ကိုသူဇော်ကြည်ဝင်းနဲ့ နောက်တစ်ယောက်ကတော့ ဘယ်သူလဲမသိ အာမခံမရဘူး။ ကျန်တဲ့ အလုပ်သမားတွေကတော့ အာမခံရတယ်လို့ ရဲစခန်းက ပြောတယ်။ အခုဆို နှစ်ခါဖမ်းခံရတာ အကုန်လုံး ၁၇ ယောက်ရှိတယ်" ဟု ၎င်းက ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/40352-2015-03-06-11-17-46

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်