AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, March 9, 2015

သပိတ်မှောက်ကျောင်းသားများကို ရန်ကုန်သို့ ကားဖြင့်ထွက်ခွာရန် ခွင့်ပြုလိုက်ပြီ


Written by  မင်းမင်း

လက်ပံတန်း ။ လက်ပံတန်းတွင် ပိတ်ဆို့ခံထားရသည့် သပိတ်မှောက်ကျောင်းသားများကို ရန်ကုန်သို့ နေ့ချင်းချီတက်ရန် ပဲခူးတိုင်း၊ နယ်လုံဝန်ကြီးက မတ်လ ၁၀ ရက်နေ့၊ မနက် ၁၀ နာရီတွင် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
Boycott-students-are-allowed-to-continue-to-march-06
လက်ပံတန်းတွင် ပိတ်ဆို့ခံရသည့် သပိတ်မှောက်ကျောင်းသားများကို ရန်ကုန်သို့ ချီတက်ခွင့် ပဲခူးတိုင်းနယ်လုံဝန်ကြီးက ပေးလိုက်ပြီး မတ် ၁၀ ရက် ၁၀ နာရီတွင် ပိတ်ဆို့ထားသည့်ဂိတ်ကို ဖွင့်ပေးလိုက်သည်။ (ဓာတ်ပုံ - သက်ကို၊
သပိတ်မှောက်ကျောင်းသားများအနေဖြင့် ပိတ်ဆို့ခံထားရသည့် လက်ပံတန်းမြို့၊ ကျွန်းကလေးအနောက်ဘက် ကမ်းလမ်းထိပ်မှ ဆယ်မိနစ်ခန့်လမ်းလျှောက်ရသည့် ရန်ကုန်-ပြည်လမ်းမပေါ်ရှိ တာဆုံအထိ လမ်းလျှောက်ခွင့် ပေးပြီး ထိုမှတစ်ဆင့် ရန်ကုန်သို့ နေ့ချင်းချီတက်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“နယ်လုံဝန်ကြီးကို အထက်က တစ်ခုခုညွှန်ကြားလိုက်လို့ထင်ပါတယ်။ ဒီနေ့မှခွင့်ပြုတာလေ။ အရင်ရက်တွေတုန်းက ညှိလို့မှမရတာ။ ကျွန်တော်တို့ရည်မှန်းသလို သာယာဝတီအထိတော့ လမ်းလျှောက်လို့မရဘူးပေါ့” ဟု သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောသည်။
ရန်ကုန်သို့ရောက်ရှိပါက ရွှေတီဂုံစေတီ သို့မဟုတ် ရန်ကုန်တက္ကသိုလ်အတွင်း မန္တလေးမှတစ်ဆင့် ရန်ကုန်သို့ ချီတက်သည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် “အခမ်းအနားအကျဉ်းချုံးလေးလုပ်မယ်” ဟု ၎င်းက ဆိုသည်။
ယင်းနောက် သက်ဆိုင်ရာဒေသအသီးသီးသို့ လူစုခွဲကြမည်ဖြစ်ပြီး အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်သွားမည်ဟုလည်း သပိတ်မှောက်ကျောင်း သားများက ပြောသည်။
အာဏာပိုင်များ၏ တားဆီးပိတ်ဆို့ထားမှုကို မတ်လ ၁၀ရက်၊ နံနက်(၁၀)နာရီတွင် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် လက်ပံတန်းတွင် ပိတ်ဆို့ခံထားရသည့် ကျောင်းသားများက မတ်လ ၈ရက်၊ ည၁၀နာရီတွင် အရေးပေါ်ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။
ယခုသတင်းပေးပို့သည့် မနက် ၁၀နာရီ၊ ၄၇မိနစ်ထိ ထွက်ခွာခြင်းမရှိသေးဘဲ ထွက်ခွာရန် ပြင်ဆင်နေသည့် အနေအထားသာရှိသေးသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/40672-2015-03-10-04-27-32

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်