AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, March 9, 2015

ရခိုင်ကမ်းလွန်ရှိ လုပ်ကွက် လေးကွက်၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ထပ်မံခွင့်ပြု


Written by  သီဟကိုကို

ရန်ကုန် ။ ။ ရခိုင်ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်လေးကွက်တွင် ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံခြားကုမ္ပဏီ အုပ်စုလေးခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြုလုပ်သော အစည်းအဝေး၌ ခွင့်ပြုပေးခဲ့သည်။
Map-1
BG Exploration & Production၊ Woodside Energy၊ Myanmar Petroleum ကုမ္ပဏီများမှ ရခိုင် ကမ်းလွန် လုပ်ကွက် A-4 လုပ်ကွက်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ/တူးဖော်/ ထုတ်လုပ်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံ ဆောင်ရွက် မည်ဖြစ်ပြီး  ထုတ်လုပ်မှုအပေါ် ခွဲဝေစာချုပ်ဖြင့် လုပ်ကိုင်ရန်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ရခိုင်ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက် AD-2 တွင် BG Exploration & Production ၊ Woodside Energy တို့ကို ရင်းနှီး မြှုပ်နှံရန် ခွင့်ပြုပေးခဲ့ပြီး ရခိုင်ကမ်းလွန် လုပ်ကွက် A-7 တွင် Woodside Energy၊ Myanmar Petroleum ကုမ္ပဏီများကို ရင်းနှီးမြှပ်နှံခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ရခိုင်ကမ်းလွန် ရေနက်ပိုင်းလုပ်ကွက် AD-5 တွင် BG Exploration & Production ၊ Woodside Energy ကုမ္ပဏီတို့ကို ရေနံနှင့် သဘာဝဓာတ်ငွေ ရှာဖွေရေး၊ တူးဖော်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့သည်။
ရခိုင်ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ကွက်ဖြစ်သည့် AD-1 ကို Chinnery Assets ကုမ္ပဏီက စတင်တူးဖော်နေပြီး ရခိုင်ကမ်းလွန်ရှိ AD-9၊ AD-11 လုပ်ကွက်တို့ကို Shell ကုမ္ပဏီက တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/component/k2/item/40667-2015-03-10-03-16-07

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်