AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, March 9, 2015

မြန်မာ့တပ်မတော်ကြီး ငြိမ်းချမ်းရေးကို စိတ်မဝင်စားတော့ဘူးလား



ရန်ကုန်  ၂ဝ၁၅ ခုနှစ် မတ်လ ၂၇ ရက်သည် တိုင်းပြည်ကို နှစ်ပေါင်း ၆ဝ ကျော်အုပ်ချုပ်ခဲ့ဖူးသော တပ်မတော်အစိုးရ၏ နှစ်ပေါင်း ၇ဝ ပြည့်သည့် တပ်မတော်နေ့ကြီး ဖြစ်ပါသည်။
69th-Armyday-1
၂ဝ၁၅ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်သည့် (၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့အခမ်းအနားအား နေပြည်တော် သမ္မတအိမ်ရာအနီးရှိ ဗိုလ်ရှုခံကွင်းတွင် ပြုလုပ်ကျင်းပနေသည်ကို တွေ့ရစဉ်။ အဆိုပါ ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တအချို့ တက်ရောက်ခဲ့ကြသည်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)
မြန်မာနိုင်ငံ၏အစိုးရအဆက်ဆက်သည့် တိုင်းပြုပြည်ပြုကိစ္စအဝဝတို့ကို ဦးတည်ချက်၊ ရည်ရွယ်ချက်များ ချမှတ်ကာ စနစ်တကျဆောင်ရွက်နေကြဖြစ်သည်ကို နှစ် ၇ဝ ပြည့် တပ်မတော်နေ့ ဦးတည်ချက်များကို ကြည့်ပါက သိရှိနိုင်သည်။

၂ဝ၁၅ ခုနှစ်တွင် ပြည့်မြောက်ခဲ့သည့် နှစ် ၇ဝ ပြည့် တပ်မတော်နေ့ ဦးတည်ချက်များမှာ-
၁။ နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုကိုကာကွယ်စောင့်ရှောက်ရန်၊ အင်အားတောင့်တင်းပြီးစွမ်းရည် ထက်မြက်မြင့်မားသော ခေတ်မီတပ်မတော်တည်ဆောက်ရေး၊
၂။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုနှင့် အတူလက်တွဲ ညီညီပူးပေါင်းဆောင်ရွက်ရေး၊
၃။ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပ အန္တရာယ်များ၊ သဘာဝဘေးများမှ ကာကွယ်စောင့်ရှောက်ရေး၊
၎။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အသက်ပေး၍ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးဟူ၍ အချက်လေးချက် ချမှတ်ထားသည်။
ယင်းအချက်များတွင် ၆၉ ကြိမ်က ဦးတည်ချက်များတွင်ပါရှိသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဦးတည်ချက်များ ပါရှိသည်ကို မတွေ့ရပေ။
နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူ ဦးသန်းစိုး(ဘောဂ)က "တပ်မတော်က ငြိမ်းချမ်းရေးမှာ ပေးသင့်တာပေး၊ ယူသင့်တာယူပြီး၊ အဖြစ်ဆုံး ဖြစ်အောင်လုပ်ပြီး ပြည်သူတွေဆီက အမှတ်အပြည့် ယူလို့ရတယ်၊ အခုဟာက ငြိမ်းချမ်းရေးကို အပေါ်စီးကနေ လုပ်နေသလို ဖြစ်တယ်" ဟု သုံးသပ်သည်။
မတ်လ ၂၇ တွင် ကျရောက်မည့် နှစ် ၇ဝ ပြည့် တပ်မတော်နေ့ ဦးတည်ချက်များကို နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြပါရှိလာရာ ယခင်နှစ် ဦးတည်ချက်များနှင့်မတူတော့ဘဲ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် တည်ဆောက်ရေး ဟူသည့် ဦးတည်ချက်ကို ပထမဆုံး ဦးတည်ချက်အဖြစ် ဖော်ပြထားပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် တစ်စုံတစ်ရာ ဦးတည်ချက်ကိုမူ ဖော်ပြမထားသည်ကို တွေ့ရှိရသည်။

"စစ်သားတွေက စစ်သားအတွေးနဲ့ပဲ စဉ်းစားတယ်၊ ရာနှုန်းပြည့်လည်း စိတ်မချရသလိုဖြစ်နေတယ်။ အခုနောက်ပိုင်းမှာ ငြိမ်းချမ်းရေးကို တပ်ဖက်က လျှော့တာမရှိသလို သူတို့လိုချင်တာကိုပဲ ပြောတယ်၊ အဲဒါကြောင့် အခုနောက်ပိုင်း ငြိမ်းချမ်းရေးအတွက် တန့်နေတာတွေရှိလာတယ်" ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး (၂) ရွှေမျိုးသန့်က ဆိုသည်။

နှစ် ၇ဝ ပြည့် တပ်မတော်နေ့၏ ပထမဆုံးဦးတည်ချက်တွင် "နိုင်ငံတော်၏ မြေထု၊ ရေထုနှင့်၊ လေထုကို ကာကွယ်စောင့်ရှောက်ရန်၊ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်မြင့်မားသော ခေတ်မီတပ်မတော် တည်ဆောက်ရေး" ဟူသည့် ဦးတည်ချက်ကို ဖော်ပြထားသည်။
ပြီးခဲ့သည့် ၆၉ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ "ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် စုစည်းညီညွတ်သော ပြည်ထောင်စုကို အခြေခံ၍ တည်ငြိမ်အေးချမ်းမှုမှသည် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေး" ဟူ၍ ဦးတည်ချက် ထားရှိခဲ့သော်လည်း နှစ် ၇ဝ မြောက် တပ်မတော်နေ့တွင်မူ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဦးတည်ချက် မပါဝင်တော့ခြင်းဖြစ်သည်။
 ထို့အတူ ၆၉ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တွင် "နိုင်ငံတော်အစိုးရ၏ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်မှုတွင် တစ်တပ်တစ်အား ဝိုင်းဝန်းကူညီဆောင်ရွက်ရေး" ဟူ၍ ဖော်ပြထားသည်။ သို့သော် နှစ် ၇ဝ ပြည့် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ "နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုနှင့်လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရေး" ဟူ၍ ဖော်ပြထားသည်ဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ပတ်သက်၍လည်း တပ်မတော်၏ဦးတည်ချက် ပြောင်းလဲသွားခဲ့သည်။
"တစ်နိုင်ငံလုံး စီးပွားရေးရဲ့ ရာခိုင်နှုန်း ၇ဝ လောက် တပ်နဲ့ပတ်သက်တယ်၊ ဆင်းရဲမှုလျှော့ချရေးမှာ လုပ်မယ် ဆို ထားပေမယ့် သူ့တပ်က မိသားစုဝင်တွေရဲ့ ဆင်းရဲမှုတောင် မလျှော့ချနိုင်ဘူး၊ ဒါတွေကို အရင်လုပ်သင့်တယ်" ဟု ဦးသန်းစိုးက ဆိုသည်။
 ၆၈ နှစ်နှင့် ၆၉ နှစ်မြောက် တပ်မတော်နေ့၏ဦးတည်ချက်များအဖြစ် ဒို့တာဝန်အရေးသုံးပါးဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် အရေးသုံးပါးသည် ပထမဆုံး ဦးတည်ချက်များ ဖြစ်ခဲ့သည်။
 သို့သော် နှစ် ၇ဝ မြောက် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် တည်ဆောင်ရေးသည် ပထမဆုံး ဦးတည်ချက်အဖြစ် နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

၆၈ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များတွင် "ပြည်တွင်းပြည်ပ အဖျက်သမားများ၏အန္တရာယ်မှန်သမျှ နိုင်ငံတော်၏ စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော်စွမ်းအားတို့ဖြင့် ပူးပေါင်းကာကွယ်တိုက်ဖျက်ရေး" ဟု ဖော်ပြခဲ့ပြီး နှစ် ၇ဝ ပြည့် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ် စောင့်ရှောက်ရေး"ဟူသည့် ဦးတည်ချက်ထားရှိသည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
-

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်