စစ်တွေ၊ မတ်လ ၇

ရခိုင်စာအရေးအသားသက်သက်ဖြင့် ရေးသားထုတ်ဝေသော ရခိုင်စာပီယဉ်ကျေးမှု ဂျာနယ် စတင်ထုတ်ဝေသည့် မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့တွင် တစ်ပြိုင်နက်တည်း ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့တွင် အာရက္ခဖေါင်ဒေရှင်းရုံးခန်းတွင်
ရန်ကုန်တွင် ပြုလုပ်ခဲ့သော အခမ်းအနားသို့ စာပေသမား ၄၀ ခန့်တက်ရောက်ခဲ့ပြီး ယခု ထုတ်ဝေသော ရခိုင်စာပီ ယဉ်ကျေးမှု ဂျာနယ်သည် ရခိုင်လူမျိုးတို့၏ အမျိုးသား စာပေ ယဉ်ကျေးမှုများ ကို ဖော်ထုတ်မြှင့်တင် ပေးမည့် အပြင် ရခိုင်စာပီ သင်ကြားရေးကိုပါ အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း စာတည်းချုပ် မောင်လိုင် (လမု)က ပြောကြားသည်။
မတ်လ ၇ ရက်နေ့နေ့စွဲဖြင့် ထွက်လာသော အတွဲ (၁)၊ အမှတ် (၁) ဂျာနယ်မှ စပြီး တစ်လ တစ်ကြိမ်နုန်းဖြင့် ထုတ်ဝေမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်လနှစ်ကြိမ်(သို့မဟုတ်)၊ တစ်ပတ်တစ်ကြိမ် ပုံမှန်ထုတ်ဝေသွားမည်ဟု စစ်တွေတွင် ပြုလုပ်သော အခမ်းအနားတွင် လက်ထောက် စာတည်းမှူး မြတ်ဌေး (ပေါက်လေ) ကပြောသည်။
“ရခိုင်ပြည်နယ်မှာ ရခိုင်လိုသီးသန့် ထုတ်ဝေတဲ့ ဂျာနယ်မရှိသေးဘူး။ အဲ့ဒီဟာကွက်လေးတစ်ခုကို ဖြည့်ဆည်းတဲ့သဘောပေါ့။ စာရေးဆရာတွေကိုတော့ ရခိုင်စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ရေးသားပြီး အားပေးစေချင်ပါတယ်။ စာပေ၀ါသနာရှင်တွေနဲ့ ရခိုင်သူ ရခိုင်သားတွေကိုတော့ ၀ယ်ယူအားပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု ယင်းက ဆိုသည်။
ယင်းအပြင် အဆိုပါဂျာနယ်ကို ရခိုင်လူမျိုးတိုင်း ကိုယ့်ဘာသာစကားကို မည်သည့်နေရာ ရောက်ရောက် သားစဉ် မြေးဆက် ထိန်းသိမ်းသွားနိုင်စေရန်၊ ရခိုင်ဘာသာ သင်ကြားရေးကို အထောက်ကူပြုနိုင်ရန်နှင့် ရခိုင်စံဘာသာ၊ စံစကားဖြစ်ပေါ်ရေးတို့တွင် အထောက်အပံ့ဖြစ်စေရန်နှင့် ရခိုင်စာပေ၊ သမိုင်း၊ ရခိုင်ယဉ်ကျေးမှုများကို ဖော်ထုတ် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခြင်းဖြစ်သည်ဟု သူက ဆိုသည်။
“ဂျာနယ်ထုတ်ဝေတဲ့နေရာမှာ အဓိက ရင်ဆိုင်လာရတာကတော့ စာမူအခက်အခဲပဲ။ ရခိုင်ဘာသာ အရေးအသား သက်သက်နဲ့ ရေးတဲ့လူက သိပ်မရှိဘူး။ ဖြန့်ချိရေးမှာလည်း အခက်ခဲရှိပါတယ်။ တချို့က ရခိုင်ဘာသာ သက်သက်နဲ့ဆိုတော့ သိပ်မဖတ်ချင်ကြဘူးလေ”ဟု မြတ်ဌေး (ပေါက်လေ) ကပြောသည်။

ယခုဂျာနယ်သည် စွန့်စားပြီးထွက်လာသည့် ဂျယ်နယ်တစ်စောင်ဖြစ်ပြီး ဂျာနယ်ဆက်လက် ရှင်သန်နိုင်စေရန် အဓိက ပညာတတ်အလွှာကို ပစ်မှတ်ထားရမည်ကာ ကျောင်းဆရာ၊ ဆရာမများကို အခြေခံပစ်မှတ်ထားရန် လိုအပ်ကြောင်း ရခိုင်သမိုင်းပညာရှင် ဆရာကြီး ဦးမောင်ဗသိန်းက ပြောသည်။
“အရင်တုန်းကလည်း ရခိုင်လိုသက်သက် ထုတ်ဝေတဲ့ ဂျာနယ် မဂ္ဂဇင်းတွေ ထုတ်ဝေဖူးပါတယ်။ တချို့ ဂျာနယ်တွေဆိုရင် တစ်စောင်နှစ်စောင်သာ ထုတ်ဝေပြီး ရပ်တန့်သွားတာတွေကို ကြုံဖူးပါတယ်။ ဂျာနယ်တစ်ခု ရှင်သန်ဖို့ဆိုရင် ပရိသတ်က အရေးကြီးပါတယ်။ ထမင်းငတ်နေတဲ့ပြည်သူကို စာပေယဉ်ကျေးမှုအကြောင်း သွားပြောတာဟာ ပြစ်မှုတစ်ခုကို ကျူးလွန်တာနဲ့တူတယ်လို့ နေရူးက ပြောဖူးပါတယ်”ဟု ယင်းက ဆိုသည်။
ယခုစတင်ထုတ်ဝေသော ဂျာနယ်အမှတ်(၁)တွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရနှင့် ရခိုင်သမိုင်းပညာရှင် ဆရာကြီးဦးဦးသာထွန်းတို့ အမေးအဖြေ၊ ရခိုင်သမိုင်းဖြစ်စဉ် အကျဉ်း (၁)၊ ၉၉ လတ္တံ့၊ ကျိန်စာသင့်ယဉ်ကျေးမှုဆောင်းပါး၊ ခိုင်မိုးလင်းအကြောင်းဆောင်းပါး
ယင်းဂျာနယ်မိတ်ဆက်ပွဲသို့ ရခိုင်သမိုင်းပညာရှင်များဖြစ်
http://www.narinjara.com/burmese/?p=13878
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်