AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, November 7, 2014

နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်လာပြီး ၁,၀၂၅ ကျပ်ထိ ရောက်ရှိ


Written by  ဆန်းနယုန်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာကျပ်ငွေ တန်ဖိုးလျော့ကျပြီး နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်လာကာ ပြင်ပဈေးကွက် အတွင်း နိုဝင်ဘာ
၇ ရက်က ကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၀၂၃၊ ရောင်းဈေး ၁၀၂၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်ဟု ရန်ကုန်မြို့အခြေစိုက်
ငွေကြေးဈေးကွက်အတွင်း ရောင်းဝယ်နေသူများက ပြောသည်။
Dollar-Exchange
(ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
ပို့ကုန်ရငွေ (Earning) ဈေးသည် နိုဝင်ဘာ ၇ ရက်၌ ကန်တစ်ဒေါ်လာလျှင် ၁,၀၂၈-၁,၀၂၉ ကျပ်ဖြင့် ရောင်းဝယ်နေ ကြပြီး ကုန်သွယ်ရေး လုပ်ငန်းရှင်များ အရောင်းအ၀ယ်ပြုလုပ်သည့် စင်ကာပူ အဝေးဈေးမှာ ကန်တစ်ဒေါ်လာလျှင် ၁,၀၃၇-၁,၀၃၉ ကျပ်အထိ ဖြစ်ပေါ်နေသည်။

နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။ အောက်တိုဘာ ၂၂ရက်က ကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၉၇ ကျပ်ခန့် ဖြစ်ပေါ်နေရာမှ အောက်တိုဘာ ၂၇ ရက်တွင် ၁,၀၀၃ ကျပ်အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက်မွန်းလွဲပိုင်းတွင် ၁,၀၁၁ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့သည်။
အောက်တိုဘာ ၃၁မှ နိုဝင်ဘာ ၃ရက်အထိ ဈေးနှုန်း ၁,၀၀၈ ကျပ်အထိ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သော် လည်း နိုဝင်ဘာ ၄ ရက်မှ စကာ ၁,၀၁၂-၁,၀၁၃ ကျပ်အထိ ဈေးနှုန်းတက်လာပြီး နိုဝင်ဘာ ၇ရက်တွင် ၁,၀၂၅ ကျပ်အထိ ဆက်လက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
သိမ်ဖြူငွေလဲကောင်တာများတွင်လည်း ငွေလဲနှုန်း ဆက်လက်မြင့်တက်နေပြီး နိုဝင်ဘာ ၇ရက်က ကန်တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၁,၀၁၀ ကျပ်၊ ရောင်းဈေး ၁,၀၁၈ ကျပ် ဝန်းကျင်ဖြစ်ပေါ်နေကာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ကန်တစ်ဒေါ်လာလျှင် ၁,၀၁၂ ကျပ်ဖြစ်သည်။
နိုင်ငံတကာ ရွှေဈေးမှာ ဆက်လက်ကျဆင်းလျက်ရှိပြီး အောက်တိုဘာ ၂၈ တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင် စလျှင် ကန်ဒေါ်လာ ၁,၂၂၇ ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်တွင် ၁,၁၆၃ ဖြစ်ကာ နိုဝင်ဘာ ၇ ရက်တွင် ၁,၁၄၀ အထိ ဆက်လက် ကျဆင်း နေသည်။
ယခုငွေဈေးနှုန်းသည် ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင်ခဲ့သော ထိန်းကျောင်းမှုရှိသော နှုန်းရှင် ငွေလဲနှုန်း စနစ်သို့ ပြောင်းလဲခဲ့သည့် နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။ မြန်မာငွေဈေးနှုန်းသည် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လလယ်တွင် ကျပ် ၁,၀၀၀ အောက်သို့ စတင်ကျဆင်းခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ပေါ်နေသော ၂၀၁၄ ခုနှစ် နိုဝင်ဘာလဈေးနှုန်းသည် ၂၀၁၀ ပြည့်နှစ်က ဖေဖော်ဝါရီလက ဈေးနှုန်းနှင့် တူညီသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးငွေလဲနှုန်းမှာ ကန်တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်ဖြစ်ပြီး ၂၀၀၇ခုနှစ် ဇူလိုင်လ ၁ရက်တွင် ဖြစ်ပေါ်ခဲ့သည်။ အနိမ့်ဆုံးငွေလဲနှုန်းမှာ ၇၂၅ ကျပ်ဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်တွင် ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/component/k2/item/31881-2014-11-07-11-00-58 

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်