AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, November 7, 2014

အလှမယ်အိမွန်ခိုင် ၁၄ ကြိမ်မြောက် ကျင်းပသည့် Miss Earth Pageant ပြိုင်ပွဲယှဉ်ပြိုင်ရန် ဖိလစ်ပိုင်သို့ ထွက်ခွာ

Written by  ပန်းမြတ်ဇော်

ရန်ကုန် (မဇ္ဈိမ)။ ။ Miss Earth Myanmar 2014 ရရှိထားသည့် အိမွန်ခိုင်သည် ၁၄ ကြိမ်မြောက် ကျင်းပမည့် Miss Earth Pageant ပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် နိုဝင်ဘာလ ၆ ရက်၊ နံနက် ၈နာရီ လေယာဉ်ဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားပြီဟု Miss Golden Land Myanmar Organizationမှ ကိုဝေယံအောင်က မဇ္ဈိမကို ပြောသည်။
Khings
ယင်းပြိုင်ပွဲသည် နိုဝင်ဘာလ ၆ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ ကျင်းပမည် ဖြစ်ပြီး နိုင်ငံပေါင်း ၉၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။
Miss Earth Myanmar 2014 ပြိုင်ပွဲသည် ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံး Big (4) Pageants စာရင်းဝင် ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အလှမယ်အိမွန်ခိုင်၏ နိုင်ငံဝတ်စုံဖြစ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ဝတ်စုံကို ဒီဇိုင်နာ မပုံ့(my Favourite)က ပြင်ဆင်ပေးခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာများကို အဓိကထား လေ့လာပြင်ဆင်သွားသည့် အပြင် ရေကူး ၀တ်စုံနှင့် ညနေခင်းပွဲတက် ဝတ်စုံများကိုလည်း ပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်သွားခဲ့သည်။
၎င်းသည် ယင်းပြိုင်ပွဲ၏ ကိုယ်ရည်ကိုယ်သွေးပြိုင်ပွဲတွင်
ဝူရှူးအားကစားကို ပြသမည်ဖြစ်ပြီး Miss Earth 2014 မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ နှင့် ပတ်သက်သည့် Eco Beauty documentary ကိုငါးမိနစ်စာ ဗီဒီယိုဖြင့် ပြသမည်ဟု ကိုဝေယံအောင် က ပြောသည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ ရိုက်ကူးလာသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာ ဗီဒီယိုဖိုင်များကို ကြည့်ရှုပြီး မဲပေးနိုင်မည့် အစီအစဉ်များ ပါဝင်မည်ဟု ၎င်းကပြောသည်။
Miss Golden Land Myanmar Organization သည် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် များဖြစ်သည့် Miss Earth Myanmar 2014 အိမွန်ခိုင်၊ Miss Supranational Myanmar 2014 ဟန်သီ၊ Miss Grand International Myanmar 2014 -  Mဂျာဆိုင်း၊ Miss Intercontinental Myanmar 2014 အိန်ဂျယ်(လ်) လမုန် နှင့် Face of Beauty International Myanmar 2014 ဟယ်လင်မျိုးကို တို့ကို ရွေးချယ်စေလွှတ် ယှဉ်ပြိုင်လျက်ရှိသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/31860-miss-earth-pageant

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်