AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, November 7, 2014

လူနည်းစု ဘာသာ အယူဝါဒများကို အင်ဒိုနီးရှား အစိုးရက အသိအမှတ်ပြု သွားမည်

Written by 

နိုဝင်ဘာ ၇။ အင်ဒိုနီးရှားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးသစ် ဖြစ်လာသူ တီဂျာဂျို ကူမိုလိုသည် နိုင်ငံတွင် တရားဝင် အသိအမှတ်ပြု ထားခြင်းမရှိသည့် ဘာသာအယူဝါဒကိုးကွယ်သူများက ၎င်းတို့၏ မှတ်ပုံတင်များတွင် ကိုးကွယ်မှုဘာသာများကို ထည့်သွင်း မဖော်ပြခြင်း ကို ခွင့်ပြုပေးသွားရန် ပြည်တွင်းရှိ အစိုးရတာဝန်ရှိသူများအား တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။
update news
နိုင်ငံတွင်  တိုင်းရင်းသား ဘာသာ အယူဝါဒများကို ယုံကြည်သူများအား အခွင့်အရေး ညီတူညီမျှ ပေးရန် ပြဌာန်းထားသည့် ဥပဒေကိုလည်း လိုက်နာကြရန် ပြည်တွင်းရှိ အရာရှိများကို နိုဝင်ဘာ ၆ ရက်က ၎င်း၏ ရုံးခန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှား ဒီမိုကရက်တစ် ပါတီဝင် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ကူမိုလိုသည် မှတ်ပုံတင်ကဒ်များရှိ ကိုးကွယ်မှုဘာသာ နေရာတွင် မဖြည့်ပဲ ကွက်လပ်ထားရန် ဆန္ဒရှိသူများကို အများနည်းတူ အသိအမှတ်ပြု လက်ခံပေးသွားရန် တာဝန်ရှိသူများကို တိုက်တွန်းသွားသည်။
“ ပြည်သူတွေကို ဘာသာခြောက်မျိုးထဲကနေ တစ်ခုကို ရွေးချယ်ဖို့ တွန်းအားမပေးကြပါနဲ့၊ သူတို့ ယုံကြည်တဲ့အတိုင်း လုပ်ခွင့်ပေးကြပါ၊ ဘာသာကိုးကွယ်မှုနဲ့ ပတ်သက်လို့ သူတို့အပေါ် မတင်းကျပ်ကြပါနဲ့၊ သူတို့ မှတ်ပုံတင်ကဒ်ရဲ့ ကိုးကွယ်မှုနေရာမှာ ဖြည့်ဖို့က သူတို့ သဘောအတိုင်း ဖြစ်ပါစေ” ဟု ပြည်ထဲရေး ၀န်ကြီး ကူမိုလိုက ပြောကြားသည်။
အင်ဒိုနီးရှား အစိုးရသည် လက်ရှိအချိန်၌ နိုင်ငံတွင် ကိုးကွယ်မှု ဘာသာခြောက်မျိုးကိုသာ တရားဝင် အသိအမှတ်ပြုထားပြီး ယင်းတို့မှာ အစ္စလာမ်၊ပရိုတက်စတင့်ဝါဒ၊ ကတ်သလစ်ဝါဒ၊ ဗုဒ္ဒဘာသာ၊ ဟိန္ဒူဘာသာ နှင့် ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်က နောက်ဆုံးဖြည့်စွက်ခဲ့သော ကွန်ဖြူးရှပ်ဝါဒတို့ပင်ဖြစ်သည်။
ထိုကဲ့သို့ နိုင်ငံတွင် ဘာသာအယူဝါဒ ခြောက်မျိုးကိုသာ တရားဝင် အသိအမှတ်ပြုခဲ့ခြင်းကြောင့် အခြားသော တရားဝင်မဟုတ်သည့် ဘာသာအယူဝါဒများနှင့် လူနည်းစု တိုင်းရင်းသားအယူဝါဒများကို လက်ခံကိုးကွယ်ကြသူများအပေါ် ခွဲခြားဆက်ဆံမှုများ ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် အင်ဒိုနီးရှား အရပ်ဘက် လူ့အခွင့်အရေးအဖွဲ့များက ထိုကဲ့သို့ တရားဝင် အသိအမှတ်ပြုထားခြင်းမရှိသည့် ဘာသာအယူဝါဒများကို ယုံကြည်လက်ခံကြသူများအား အခြားသူများနှင့်အတူ ညီတူညီမျှလက်ခံပေးသွားရန်အတွက် အစိုးရနှင့်လွှတ်တော်တို့ထံသို့ တောင်းဆိုခဲ့ကြ ည်။ အင်ဒိုနီးရှား နိုင်ငံ၏ ကိုးကွယ်မှု ဘာသာအယူဝါဒနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အစည်းအဝေးတစ်ရပ်တွင် စုဆောင်းရရှိခဲ့သော အချက်အလက်များအရ နိုင်ငံတစ်ဝှမ်းတွင် တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသည့် ဘာသာ ဂိုဏ်းအဖွဲ့အစည်းအရေအတွက် ၂၄၅ ဖွဲ့ထိရှိသည်ဟု သိရသည်။
Ref: Jakata Post
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/31917-2014-11-07-18-37-41

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်