AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Thursday, January 15, 2015

မန်မာ့ လူ့အခွင့်အရေးအခြေအနေ အစီရင်မခံရန် သမ္မတဆိုသော်လည်း စိုးရိမ်ရသည့် အခြေအနေရှိနေသေး၍ အထူးစုံစမ်း အစီရင်ခံတင်ပြရန် လိုနေသေးဟု ယန်ဟီးလီ ဆို


မြန်မာအစိုးရနှင့် ဒေသခံတစ်ချို့က မြန်မာလူ့အခွင့်အရေး အခြေအနေအတွက် ကုလသမဂ္ဂသို့ အစီရင်ခံတင်ပြနေရခြင်း အပေါ် ကန့်ကွက်နေသော်လည်း မြန်မာ့လူ့အခွင့်အရေး အခြေအနေသည် နက်နဲ စိုးရိမ်ရသည့် အခြေအနေဖြစ်သည့်အတွက် အစီရင်ခံတင်ပြရန် လိုအပ်နေသေးသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီက မဇ္ဈိမကို ပြောသည်။
Yanheele-3
ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီလီ။ (ဓာတ်ပုံ - ဟိန်းထက်၊
၎င်းက "နက်နက်နဲနဲ စိုးရိမ်ရတဲ့ အခြေအနေမို့ ဆက်လက် ရှိနေနိုင်ပါတယ်"ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေခြင်း၊ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ဥရောပသမဂ္ဂက ကုလ တတိယ ညီလာခံသို့ တင်ပြနေခြင်းတို့ကြောင့် နှစ်စဉ် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က လာရောက် စုံစမ်းစစ်ဆေး နေရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာပြီး လွတ်လပ်သည့် လူ့အခွင့်အရေး ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းကာ လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများလည်း ဆောင်ရွက် နေပြီဖြစ်၍ ဥရောပသမဂ္ဂက ကုလ တတိယ ညီလာခံ သို့ မြန်မာလူ့အခွင့်အရေး အခြေအနေ တင်ပြမှုကို ရပ်တံ့ပေးရန် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ အတွင်းက အီတလီနိုင်ငံတွင်ကျင်းပသည့် အာရှ- ဥရောပ ထိပ်သီးအစည်းအဝေးတွင် ဦးသိန်းစိန်က တောင်းဆိုခဲ့သည်။
မြန်မာ့လူ့အခွင့်အရေး အခြေအနေများတွင် အစိုးရသည် ဘင်္ဂါလီနှင့် ရိုဟင်ဂျာ အသုံးအနှုန်းကွဲလွဲနေမှုအပေါ် ဖြေရှင်းရန်လိုအပ်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု၊ လုံခြုံရေးအခြေအနေ၊ နိုင်ငံသားဖြစ်ရေး ကဏ္ဍများသည် ၂၀၁၂ခုနှစ် အခြေအနေထက် ပိုမိုဆိုဝါးနေသည် ဟု အစီရင်ခံစာတွင်း ထည့်သွင်း ရေးသားထားသည်။
မြန်မာနိုင်ငံက လက်ရှိတွင် အစိုးရ၏ မူဝါဒများကို ဆန့်ကျင်သည့် အသုံးအနှုန်းများ၊ ဆန့်ကျင်သူများအား ထောင်ချနေခြင်း အခြေအနေများ၊ မြေယာအရေးဖြေရှင်းရာတွင်လည်း တရားရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေး၏ ပါဝင်ပက်သက်မှုများ ရှိနေသေးသည့်အပြင် ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲကလည်း မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု တစ်ရပ်အဖြစ် ပါဝင်နေသည်ဟု ယန်ဟီးလီက ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ် သက်တမ်းအတွင်း လယ်မြေသိမ်းဆည်းခံရသည့် လယ်သမားများသည် လူ့အခွင့်အရေးဆုံးရှုံးမှု အများဆုံး ဖြစ်နေသည်ဟုလည်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားနေသည့် ညီမျှခြင်းမြန်မာမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီဇင်ဘာ ၉ ရက်တွင် မဇ္ဈိမ ပြောသည်။
မြန်မာနိုင်ငံ၏ ဥပဒေများသည် လူ့အခွင့်အရေးကို ပံ့ပိုးလေးစားရန်ထက် ချုပ်ကိုင်လိုသော ရည်ရွယ်ချက်ဖြင့်  ပြဌာန်းထားသော ဥပဒေများ ရှိနေပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရသောကြောင့် နစ်နာဆုံးရူံး ရမှုများကို တောင်းဆိုသည့် လယ်သမားများမှာလည်း ပုဒ်မ အမျိုးမျိုးဖြင့် စွဲချက်တင် အပြစ် ပေးခံနေရဆဲ ဖြစ်သည်ဟု ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့အတွက် ညီမျှခြင်း မြန်မာက ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးတွင်၂၀၁၂ခုနှစ် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများအတွင်း ဖမ်းဆီးကာ ဘူးသီးတောင်ထောင် တွင် ထိန်းသိမ်းထားသည့် နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းမှ ၀န်ထမ်း သုံးဦးကို ပြန်လည်လွှတ်ပေးရန်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့များကို တောင်းဆိုထားသည်ဟု မစ္စ ယန်ဟီးလီက ဆိုသည်။
မစ္စယန်ဟီးလီ၏ ဒုတိယအကြိမ်မြောက် လာရောက်သည့် မြန်မာနိုင်ငံ ခရီးစဉ်တွင် ရန်ကုန်မှ နိုင်ငံရေးသမားများ ၊ တက်ကြွလှုပ်ရှားသူများ၊ ရခိုင်မှ အစိုးရတာဝန်ရှိသူများ၊ ဘင်္ဂါလီ (ယန်ဟီးလီအခေါ် ရိုဟင်ဂျာ)နှင့် ရှမ်းပြည်တောင်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များ၊ ရွေ့ပြောင်း ဒုက္ခသည်တို့နှင့် တွေ့ဆုံကာ လူ့အခွင့်အရေး အခြေအနေများကို သွားရောက်မေးမြန်းကာ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြရမည်ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/37192-2015-01-16-15-11-28 

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်